အကြမ်းဖက်မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်တွေ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကော်မရှင်နဲ့ အစိုးရအဖွဲ့အစည်းဝေးမှာ မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ပြုလုပ်သွားဖို့ ရှိနေပြီး နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာစေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

” ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်”လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ခံကိုယ်စားလှယ်တွေ ဘေးကင်းလုံခြုံစွာမဲဆွယ်စည်းရုံးနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေက အလေးပေးဆောင်ရွက်ဖို့ ရွေးကောက်ပွဲ မအောင်မြင်အောက် အဖျက်အမှောက်လုပ်ဆောင်လာသူတွေကို ထိရောက်စွာ အရေးယူဖို့လည်း မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

နိုင်ငံရေးအရ တရားဝင်မှု ရရှိအောင်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူ ဖြစ်ဖို့လိုပြီး ရွေးကောက်ပွဲ အောင်မြင်စေဖို့ သက်ဆိုင်ရာဝန်ကြီးချုပ်တွေ ဦးဆောင်ပြုလုပ်ပေးဖို့ကိုလည်း ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖာပွန်က ခေါပုတ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက တရား၀င် ထုတ်ပြန်

ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။