စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူတချို့ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြောင်းလဲဝင်ရောက်ကာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်လာသူတွေကတော့ စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော် စာရင်းစစ်နဲ့ စစ်ဆေးရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် (၃) စစ်ဆင်ရေး အထူးဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်၊ အမှတ် (၆) စစ်ဆင်ရေး အထူးဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး သက်ပုံတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်အစိုးရလက်အောက်ခံ ဝန်ကြီးချုပ်ရုံးဝန်ကြီး တင်အောင်စန်းနဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး မြထွန်းဦး တို့ဟာလည်း ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမာခံလူစာရင်း ဖြစ်လောက်တယ်။ နောက်ပိုင်းမှ ပါတီထဲမှာ ငုတ်တုတ်ထိုင်နေမယ့် လူမျိုးလောက်ကတော့ အခုချိန်လောက်မှာ မလွတ်သေးဘူးဗျ။ စစ်တပ်ထဲမှာပဲ သုံးနေဦးမှာ ပေါ့နော်။ နောက်မှ ထုံးစံအတိုင်း ပစ်ဖဲတွေကို ထည့်မှာပေါ့… ဒါကတော့ သူတို့ selection ရွှေးထုတ်ထားတဲ့ သူတွေလို့ ယူဆရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာဟာ စစ်တပ်က အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ၊ အငြိမ်းစားမဟုတ်ပဲ အရပ်ဖက်ပြောင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ စစ်အုပ်စုရဲ့ အဆက်အနွယ်တွေနဲ့သာ ဖွဲ့စည်းထားတဲ့ အရပ်ဖက်အဖွဲ့အစည်း အယောင်ဆောင် နိုင်ငံရေးပါတီ တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်ဖက်ပါတီတွေကို ပြောင်းလဲဝင်ရောက်လာတာဟာ အရင် စစ်အစိုးရဖြစ်တဲ့ ဦးသန်းရွှေ လုပ်ဆောင်သွားတဲ့ စနစ်အတိုင်းကို အာဏာရူး မင်းအောင်လှိုင်က လုပ်နေတာ ဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်သူလို့ နာမည်ကြီးတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဖြစ်သူဟာလည်း ပြည်​ခိုင်​ဖြိုး​ပါတီကနေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “ဟုတ်တယ် အောင်လင်းဒွေးကိုလည်း ရွေးကောက်ပွဲပြိုင်ဖို့ ကြံ့ခိုင်ရေးပါတီထဲကို လွှတ်လိုက်ပြီ သိရတယ်။ အောင်လင်းဒွေးက အငြိမ်းစားဆိုတော့ အရပ်ဝတ်ပြောင်းထားပြီးသားပေါ့နော်” လို့ ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ် အောင်လင်းဒွေးဆိုသူကလည်း မင်းအောင်လှိုင် ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် လုပ်ကိုင်စဉ်က ဆုံခဲ့တာဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဥ် ၂၅ ဆင်းဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပမယ်လို့ တရားဝင် ကြေညာထားတာဖြစ်သလို ရွေးကောက်ပွဲ ကန့်ကွက်သူတွေကို ဖမ်းဆီးဖို့အတွက် ဥပဒေတွေကိုလည်း ပြဋ္ဌာန်းချမှတ်ထားတာပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပျု‌ခေါင်းဆောင် သီတာယုမွန်နောက်လိုက် ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
Read More

KNDF တပ်ရင်း ၁၇ က ကျဆုံးရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တစ်နေရာမှာ ၂၀၂၂ ခုနှစ်က ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၇) က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။