ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်မှာ စစ်ကော်မရှင်တပ် နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာ အဆိုပါလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့သလို၊ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်များက ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း MA1-(2)လက်၊ MA3-(1)လက်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည်ဆံ(၆၅၉)လုံး၊ ခွဲဗုံး(၂)လုံး၊ ကျည်ဘောင်(၂၁)ခုတို့ သိမ်းဆည်းရမိတယ်လို့သိရပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု အနည်းငယ်ရှိတယ်လို့လည်း သိရပါတယ်။

“အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်” လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

စစ်တပ်က KNU ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မော်တောင်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုတဲ့အတွက် ထိုးစစ်ဆင်လာပေမဲ့လည်း ရှေ့တိုးလို့မရတာကြောင့်၊ အခုလို KNU ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး၊ ဒီလိုထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ၉ လကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“အခုလမ်းပိုင်းကတော့ မြိတ်ခရိုင်၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် နဲ့ ထိုင်းနယ်စပ်၊ မော်တောင်မှာ ကုန်သွယ်ရေးလမ်းဖြစ်တယ်၊ အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်၊ စစ်တပ်က အဲဒါကိုပြန်လိုချင်ပေမဲ့ သူတို့က ဆက်တိုးလို့လည်း မရဘူး” လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားနေချိန် စစ်တပ်ဖက်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်လေယာဉ်တစ်စင်းကို ထိမှန်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

မင်းကင်းနယ်က နှစ်ရှည်စစ်ဘေးရှောင်နေကြရသူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပအိုဝ်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မှာ တိုက်ပွဲပြင်းထန်နေ…

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုပြည်သူလူထု သတိပြုဖို့ အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကောင်စီ အဓိက အသုံးပြုတိုက်ခိုက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း ပကဖ ရဲဘော်များ ရခိုင်စစ်မျက်နှာမှာ AA နှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ပကဖ ရဲဘော် ၁၄ ဦးကျဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။