တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းက သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာနဲ့ သင်းကျွန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ တပ်မ ၄၀၅ တပ်ရင်းမှူး စိုင်းဝနဌေးနဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ ဟွန်ဒါဖစ်ယာဉ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်ပေါ်ရှိ စစ်ကော်မရှင်စစ်ဗိုလ် ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းစက်တင်ဘာ ၇ ရက်မှာပဲ သရက်နှစ်ခွကျေးရွာဘက်သို့ ခြေလျင်ဆင်းလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ (၁)နဲ့ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၁)တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

ညောင်ဦးမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကြအိုကျေရွားမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ Black Eagle PDF -Bagan မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ပုသိမ်ကြီးမြို့အနီး ၄.၇ အင်အားရှိ ငလျင်လှုပ်ခတ် (ရုပ်/သံ)

ဒီနေ့ မနက်အစောပိုင်းက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်တာစကေး ၄.၇ အဆင့် အင်အားအသင့်တင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းထဲက ကပစ (၂၁) နဲ့ ကပစ (၂၅)ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူနဲ့ ဆော မြို့နယ်များအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ယမန်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

ရွှေဘိုမြို့နယ် တည်ပင်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။