တနင်္သာရီမြို့နယ်တိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ်တန်းအား မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ ဇုန်-၃ မှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ် ၄ စီးအား ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်းအရောက် မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရိက္ခာပို့ပြီး သိန်ခွန်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်သားတွေကို သယ်ဆောင်လာ ပြန်လာတဲ့ စစ်ယာဉ်တန်း စက်တင်ဘာ ၁၁ ရက်က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ယာဉ်တန်းပေါ်ပါ စစ်သားတွေနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေ ပူးပေါင်းကာ တော်လှန်ရေး ပူးပေါင်းတပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို မြေပြင်အခြေအနေအရ အတိအကျမသိရသေးဘဲ ယာဉ်တန်း ဟာ တနင်္သာရီမြို့သို့ ဆက်လက်မောင်းသွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ တနင်္သာရီရိုးမ (ဇုန် ၃ ) ၊ မြိတ် ပကဖ နှင့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

Video-တနင်္သာရီမြို့နယ် ပကဖ ဇုန် – ၃

0 Shares:
You May Also Like
Read More

နတ်မောက်မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပိတောက်ငုတ်ရွာ ပျူစောထီးခေါင်းဆောင် ရွာအုပ်ကြီးတို့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ တပ်ခွဲထံက သိရပါတယ်။
Read More

Phoenix -Special Warfare Force က ကျည်ကာများ စမ်းသပ်ထုတ်လုပ်မှု အောင်မြင် (ရုပ်/သံ)

Phoenix -Special Warfare Force က ထုတ်လုပ်တဲ့ Level 3 plus နဲ့  Level 4 အဆင့်ကျည်ကာပြားများ ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Thawthikho အဖွဲ့ထံက သိရပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။