တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်နေ့မှာ Kanbauk Defense Force တပ်ဖွဲ့ဝင် ရဲဘော် အသေးလေးဟာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းရွာအနီးမှာ ရှေ့တန်းရိက္ခာထောက်ပြီး အပြန်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကော်မရှင်တပ်သားတွေက ရဲဘော် အသေးလေးရဲ့ ဖုန်းကိုယူပြီး အဖွဲ့အစည်းတွေထံက ပိုက်ဆံလိုက်ချေးတာ၊ ရဲမေတွေကို ညစ်ညမ်းစာ လိုက်ပို့တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတာကတော့ ရှေ့တန်းရိက္ခာထောက်ပြီး အပြန်မှာ အဖမ်းခံရတာပါ။ အဲဒီနေ့မှာ ကြာလို့ ဖုန်းဆက်ရင်း ဖုန်းစက်ပိတ်သွားတော့ သိလိုက်တာပါ။ Fb ပေါ်မှာကတော့ KBDF Logo ကို PF ချိန်းတာ၊ မိုင်ဒေးတင်တာတွေ လုပ်တယ်။ စာပို့တာတွေ ရှိပါတယ်။ ရဲမေတွေကို ညစ်ညမ်းစကားတွေ လိုက်ပြောတာ၊ ငွေလွှဲခိုင်းတာတွေ လုပ်ပါတယ်” လို့ Kanbauk Defense Force တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသည့် ရဲဘော် အသေးလေး

အခုလို ရဲဘော် အသေးလေး ပျောက်ဆုံးတာနဲ့ ပတ်သက်လို့ လိုက်လံ စုံစမ်းကြည့်တဲ့အခါ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း သတင်းရသလို နောက်ဆက်တွဲ ထပ်မံ စုံစမ်းတဲ့အခါမှာလည်း ကျဆုံးသွားကြောင်း သိရတဲ့အတွက် လုပ်ရိုးလုပ်စဥ်အတိုင်း ဈာပနအခမ်းအနားကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“နောက်ဆက်တွဲကတော့ ကျဆုံးသွားပြီလို့ပဲ ယူဆပြီး လုပ်ရိုးလုပ်စဥ်အတိုင်း ထုတ်ပြန်တာတွေ၊ ဈာပနကိစ္စတွေပဲ ဆက်လုပ်ဖို့ ရှိပါတယ်”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့ကလည်း Kanbauk Defense Force ပူးပေါင်းတပ်ဟာ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၄ယောက် သေဆုံးကာ ၁၅ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို တော်လှန်ရေးရဲဘော်တချို့လည်း ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အရာတော်မှာ ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်၊ ပျူစောထီး ၁ ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။