တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက 116 စစ်သင်္ဘောနှင့် ပျူစောထီးများ စီးလာတဲ့ ပါစင်ဂျာ‌လှေတို့အား  မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောနှင့် လှေပေါ်ရှိ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ 116 စစ်သင်္ဘော ခေါင်းမိုးပိုင်း ကျည်ထိမှန်ပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲ ဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Video – ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အကယ်ဒမီပိုင်ဖြိုးသုက မတရား ချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်း စကား ပြောကြားခဲ့ပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်/သံမှတိတမ်း ထုတ်ပြန်

ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတမ်းကို Bamar Revolution Armyမှ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းမှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သားအများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။