ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အားကိုးအားထား ပြုရတဲ့ လော်ဘီချန်နယ် “မှိုင်းဝေ” ကနေ စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ “တပ်မတော်မိသားစု ၉၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ကျောက်တော်ရှိ အကြမ်းဖက် AA မူးယစ်ဂိုဏ်းစခန်းကို တပ်မတော်ကချေမှုန်းရှင်းလင်း၊ အကြမ်းဖက် AA အဖွဲ့ဝင် ၄၀ ခန့်သေဆုံး” ဆိုပြီး ဓာတ်ပုံနဲ့ ဖြန့်ဝေထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အတိအကျ သတင်းပေးမှုကြောင့် ကျောက်တော်မြို့ရှိ AA အဖွဲ့ စစ်သင်တန်းပေးနေတဲ့နေရာကို စစ်အုပ်စု ဗုံးကြဲရှင်းလင်းခဲ့တာဖြစ်ပြီး စာသင်ကျောင်းကို ဗုံးကြဲခဲ့တယ်ဆိုတာ မီဒီယာတွေက တမင် ဝါဒဖြန့်နေတာသာဖြစ်တယ်လို့လည်း စစ်တပ် လော်ဘီတွေက ဖြန့်ဝေနေပါတယ်။

စက်တင်ဘာလ ၁၂ ရက် မနက် ၁ နာရီ ၀၅ မိနစ်အချိန်မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းရှေ့တည့်တည့် ကျရောက် ထိမှန်ခဲ့တာကြောင့် အထက်တန်း ကျောင်းသားအများစု အပါအဝင် အရပ်သားပြည်သူ ၁၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။