ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၁၂) ရက် ဒီနေ့ မနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်း လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ကြဲချခဲ့တဲ့ ဗုံးဟာ သရက်တပင်ရွာအတွင်း ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ AA က ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အနီးအနားရှိ ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို AA ထိုးစစ် အရှိန်မြှင့်နေ

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

TNLA ရဲမေတွေရဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှု… (ဓာတ်ပုံသတင်း)

နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံ တကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရဲမေတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။