စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က မုံရွာ-မန္တလေးလမ်းပေါ် ချောင်းဦး-နတ်ရေကန်အကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ 4kg ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး မြေပြင်အခြေအနေအရ အရေအတွက် အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yae Nagar ၊ Seven Defend Force နဲ့ ဇာမနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yae Nagar

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချပြီး Missile အလုံး ၂၀ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ Robbinhood အဖွဲ့ မဟာမိတ်တပ်တွေဟာ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချပြီး Missile အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မ-ရေပြာလမ်းပိုင်းတွင် ယာဉ်တန်းတိုက်ခိုက်ခံမှုကို ကာကွယ်နိုင်ရန် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင် ကျဆုံးခဲ့ရတဲ့ ရဲဘော် ကိုရှိုင်း စျာပနအခမ်းအနား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ (ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်နဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း ၃ နှစ်ပြည့်နဲ့ အခြေခံစစ်ပညာသင် တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲ မှတ်တမ်းရုပ်သံကို DNLA - ဓဝယ်တပ်တော်မှ ထုတ်ပြန်ခဲ့ပါ တယ်။