တနင်္သာရီတိုင်း မြိတ်-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမအတိုင်း လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထား ပါတယ်။

စက်တင်ဘာ ၇ ရက်က မြိတ်-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမအတိုင်း ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကော်မရှင်ကားတန်းကို ရွှေဂူတောင်စစ်ဆေးရေးဂိတ်မှ သရက်ချောင်းမြို့ဘက်သို့ ဦးတည်းဆင်းလာချိန် ညောာင်ဇင်ရွာနဲ့ ရန်တောင်ရာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ကားတန်းဟာ အန်စာတုံးကား ၄ စီး၊  မြေတင်ကား ၁ စီး၊ Vigo ကား ၁ စီးပါဝင်ပြီး ရှေ့ ကားတွေမှာ ဖမ်းဆီးလာတဲ့ ပြည်သူတွေကို လူသားဒိုင်းပြုလုပ်လာတဲ့အတွက် နောက်ဆုံး Vigo ကားကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကားအတွင်းရှိ စစ်ကော်မရှင်တပ်သား ၄ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ထားဝယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။
Read More

Federal Wings ရပ်တည်နိုင်ရန် ‌ရန်ပုံငွေစနစ်တစ်ခုရှိရန် လိုအပ်နေ (ရုပ်/သံ)

Federal Wings အဖွဲ့အနေနဲ့ တိကျသေချာတဲ့ ဝင်ငွေလမ်းကြောင်းနဲ့ ရန်ပုံငွေစနစ်တစ်ခုကို မတည်ဆောက်နိုင်ခဲ့ရင် Federal Wings ရဲ့ ထုတ်လုပ်ရေးနဲ့ Research & Development လုပ်ငန်းတွေ ရပ်တန့်ထားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲခံရပြီး ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။