စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

NUG ဝန်ကြီး ဦးရည်မွန်က တစ်နိုင်ငံလုံးအတိုင်းအတာ အထွေထွေထိုးစစ်ဆင်နိုင်ဖို့ တပ်တွေ ပြန်လည်စုဖွဲ့ခြင်း၊ မွမ်းမံလေ့ကျင့်ခြင်း၊ အဆင့်မြင့်သင်တန်းတွေ စီစဥ်နေသလို PDF တပ်မတော်ရဲ့ အရေးကြီးတဲ့ ကွပ်ကဲမှုအဆင့်ဖြစ်တဲ့ စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ကွပ်ကဲမှု တာဝန်ရှိသူတွေကို ဆက်တိုက်တာဝန်ပေးအပ်တာတွေကို အခုနှစ်အတွင်း အထူးအားစိုက်လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိအချိန်အထိ PDF တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း ၃၅၆ ဖွဲ့ကို ထူထောင်ထားနိုင်ပြီး အဲဒီအဖွဲ့တွေကို အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ အဓိကကွပ်ကဲမှုအဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်နေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုင်းစစ်ဌာန ၁၀ ခုနဲ့ စုဖွဲ့တည်ဆောက်ထားနိုင်ပြီလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍဟာ အရေးကြီးပြီး အထူးစိုးရိမ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံနှင့် နွားထိုးကြီးတွင် အကြမ်းဖက်စစ်ကြောင်းက ရွာများကို မီးရှို့ကာ အရပ်သား ၂၆ ဦးထက်မနည်း သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အိမ်ထဲရောက်နေတဲ့ သူခိုးက ဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား ပွဲချင်းပြီး သေဆုံး…

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။