ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အားကိုးအားထား ပြုရတဲ့ လော်ဘီချန်နယ် “မှိုင်းဝေ” ကနေ စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ “တပ်မတော်မိသားစု ၉၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ကျောက်တော်ရှိ အကြမ်းဖက် AA မူးယစ်ဂိုဏ်းစခန်းကို တပ်မတော်ကချေမှုန်းရှင်းလင်း၊ အကြမ်းဖက် AA အဖွဲ့ဝင် ၄၀ ခန့်သေဆုံး” ဆိုပြီး ဓာတ်ပုံနဲ့ ဖြန့်ဝေထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အတိအကျ သတင်းပေးမှုကြောင့် ကျောက်တော်မြို့ရှိ AA အဖွဲ့ စစ်သင်တန်းပေးနေတဲ့နေရာကို စစ်အုပ်စု ဗုံးကြဲရှင်းလင်းခဲ့တာဖြစ်ပြီး စာသင်ကျောင်းကို ဗုံးကြဲခဲ့တယ်ဆိုတာ မီဒီယာတွေက တမင် ဝါဒဖြန့်နေတာသာဖြစ်တယ်လို့လည်း စစ်တပ် လော်ဘီတွေက ဖြန့်ဝေနေပါတယ်။

စက်တင်ဘာလ ၁၂ ရက် မနက် ၁ နာရီ ၀၅ မိနစ်အချိန်မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းရှေ့တည့်တည့် ကျရောက် ထိမှန်ခဲ့တာကြောင့် အထက်တန်း ကျောင်းသားအများစု အပါအဝင် အရပ်သားပြည်သူ ၁၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၄၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၃၅၀ ကျော်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့

နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကလေးတွင် တော်လှန်ရေးတပ်၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်ဗိုလ်မှူး ထိခိုက်ပြီး ကသည်းတပ်စိတ် ၁ စိတ် သေဆုံး၊ ထိခိုက်မှုအခြေအနေများကြောင့် ကသည်းလက်နက်ကိုင်များ နောက်တန်း ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဦးဆောင်တဲ့ ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ်လုံး သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။