ငါးဖမ်းသမားဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက AA လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ကာ လက်နက်လုယူပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာရဲ့ အနောက်ဘက်နဲ့ ချိန်ခါလီရွာရဲ့ အနောက်ဘက်တို့မှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး ၈၀ ခန့်ဟာ ရခိုင်ရေပိုင်နက်အတွင်း အစုလိုက်အပြုံလိုက် တရားမဝင်ကျူးကျော် ငါးခိုးဖမ်းနေတဲ့အတွက်  အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ ငါးခိုးဖမ်းဘုတ် ၅ စီးကို ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ 

ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့ ကမ်းစပ်ကို ခေါ်ဆောင်လာစဉ် ငါးဖမ်းသမားဟန်ဆောင်လိုက် ပါလာတဲ့ အကြမ်းဖက်သမားတွေက တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအရာရှိ ၁ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ပြီး လက်နက်တွေကို လုယူသွားကာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တရားမဝင်ကျူးကျော် ငါးခိုးဖမ်းသူတွေကို အာရက္ခတပ်တော်က နှစ်ဘက်အပြန်အလှန်လေးစားမှုနဲ့ အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာ ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံ‌ခြုံရေးတာဝန်ထမ်းနေသူတွေကို သတ်ဖြတ်ပြီး လက်နက်လုယူတဲ့ အကြမ်းဖက်လုပ်ရပ်မျိုး လုပ်ဆောင်လာတဲ့အတွက် အာရက္ခတပ်တော် (AA)အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Video – AAInfoDesk

0 Shares:
You May Also Like
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုပြောပြတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြားကနေ လူနာကယ်ခဲ့ရတဲ့ အတွေ့အကြုံ (ရုပ်/သံ)

''ခေါင်းပေါ်မှာ လေယာဉ်က အခုပဲ ထိုးဆင်းပြီး ဗုံးကြဲတော့မယ့်အသံလိုမျိုးကြားရတယ်။ ခါတိုင်း အဲအသံကြားတာနဲ့ နီးစပ်ရာ ဗုံးခိုကျင်းတွေကို အလုအယက်ပြေးကြတာ။ ဒါပေမယ့် ကိုယ်လက်ထဲ မှာ ဒဏ်ရာရ လူနာရဲ့ သွေးကြောကို ဖိထားတာ။ ဒါကို ပြေးမယ်ဆို လွှတ်ပြီးပြေးရမှာ။ ပြေးမယ်ဆိုရင် သေချာတယ် လူနာက သေမှာပဲ။ အဲဒါတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်တို့ အနာဂတ် အတွက် တန်ဖိုးရှိတဲ့ လူနာတစ်ယောက် ကျွန်တော်လက်ထဲမှာရှိတယ်။ အဲဒါအဆုံးရှုံးမခံနိုင်ဘူး။ ဖြစ်ချင်ရာဖြစ် ဆက်လုပ်မယ်ဆိုပြီး ဆက်လုပ်ခဲ့တယ်''
Read More

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားသည့် မီးတိုင်များကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ ၂၂ လက်နက်ခဲယမ်းထုတ်လုပ်ရေး စက်ရုံဆီ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ရှင်းလင်းပြီး ခဲယမ်းထုတ်လုပ်ရေးကို ရပ်တန့်စေခဲ့တယ်လို့ ဆိပ်ဖြူအခြေစိုက်​ တော်လှန်ရေးတပ်ဆီက သိရပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။