တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေခြင်း ရှိမရှိ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်အုပ်စုရဲ့ သင်္ဘောတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းမှာ ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီး အကြမ်းဖက်စစ်တပ်ရဲ့ 116 စစ်သင်္ဘောနဲ့ မိုင်းတွေးကျေးရွာက ပျူစောထီး အယောက် ၂၀ ခန့် စီးလာတဲ့ ခရီးသည်တင်လှေတို့ကို မြို့နယ် ပကဖ က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သင်္ဘောနဲ့ လှေပေါ်ရှိ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် 116 စစ်သင်္ဘော ခေါင်မိုးပိုင်း ကျည်ထိမှန်ပြီး ထိခိုက်ပျက်စီးမှုရှိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ စစ်ဆင်ရေး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ယောက် သေဆုံး၊ မတ္တရာ၊ သပိတ်ကျင်း၊ နောင်ချိုတို့မှာ MDY-PDF နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။