ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေဘက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားပြီး ကုန်တင်ကားတွေလည်း သွားလာရခက်ခဲနေကြပါတယ်။

ကားသမားတချို့က ရတဲ့လမ်းကနေ ကုန်သယ်ကုန်ချတာတွေ လုပ်ဆောင်နေကြရပြီး ကုန်ဈေးနှုန်းတွေလည်း အရင်ကထက် ပိုမိုမြင့်တက်လာတာကြောင့် ပြည်သူတွေဟာ စားဝတ်နေရေး အခြေအနေတွေ ပိုမိုကြပ်တည်းလာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေလည်း ဖြစ်နေတော့ ဘယ်ကားသမားမှ သိပ်မတက်ရဲကြဘူး။ အရင်က တက်နေတဲ့ ကားသမားတောင် မတက်တော့ဘူး။ သူလည်း ပစ္စည်းကို တဆင့်ပြန်မှာတယ်။ ကုန်ဈေးနှုန်းတွေကလည်း ကျသွားတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ ကျမတို့ဆီမှာ ဈေးသက်သာတာဆိုလို့ ကြက်သွန်နီ တစ်မျိုးတည်းပဲ ရှိတယ်။ ကုန်ဈေးနှုန်းတွေကလည်း တစ်ခါမှ ကျသွားတယ်ဆိုတာ မရှိတော့ဘူး။ ကြာလာရင် ဘယ်လိုဆက်ဖြစ်ဦးမလဲ မသိဘူး” လို့ ကော့ကရိတ်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်တွေ့နေရတဲ့အပြင် ဒါတွေကို ဖြေရှင်းဖို့လည်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဒုက္ခပေးမှုကြောင့် အလုပ်တွေ ကောင်းကောင်းလုပ်မရဘူး ဖြစ်နေပါတယ်။

“အရင်ကဆို စားဖို့သောက်ဖို့အတွက် တခြားရွာတွေသွားပြီး လက်သမားလုပ်လို့ရသေးတယ်။ အခုက ဘယ်ရွာမှလည်း အိမ်မဆောက်ကြသလို စစ်ပြေးတွေချည်းပဲ ရွာတိုင်းမှာ။ အလုပ်ရှိတဲ့နေရာကျတော့လည်း မသွားရဲဘူး။ ဟိုနေရာမှာ ပေါ်တာဆွဲတာနဲ့ ဒီနေရာပေါ်တာဆွဲတာနဲ့ ဘာမှကို လုပ်လို့မရဲဘူး။ အခုလည်း အမျိုးတွေဆီမှာ ချေးငှားပြီးတော့ စားဖို့ကို ဖြေရှင်းနေရတယ်” လို့ နောက်ထပ် ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလလောက်ကစလို့ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်း စတင်ခဲ့တာဟာ ဒီနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ တိုက်ပွဲကာလတလျှောက်မှာလည်း စစ်အုပ်စုက စက်သုံးဆီ ဖြတ်တောက်တာမျိုးတွေ လုပ်ခဲ့လို့ စက်သုံးဆီ ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။