စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ရဖို့ မျှော်လင့်ထားပါတယ်” လို့ UEC က အမည်မဖော်လိုသူ အရာရှိတယောက်က AFP သတင်းဌာနကို ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုအဖြစ် သက်သေမရှိဘဲ စွပ်စွဲပြီး ၂၀၂၁ ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တနိုင်ငံလုံးအဆင့် မဲဆန္ဒနယ်တွေမှာ ပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ တိုင်းနဲ့ပြည်နယ်အဆင့် ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ခုရှိကြောင်း ပြောဆိုခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အဆင့် ၃ ဆင့်ခွဲလို့ ပြုလုပ်သွားမှာဖြစ်ပြီး အပိုင်းတခုနဲ့ တခုအကြား ၂ ပတ်ခြားသွားမယ်လို့ UEC က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေဟာ စစ်အုပ်စုကို တိုင်းပြည်နယ်မြေ အများအပြားကနေ ထိန်းချုပ်မှုကင်းမဲ့စေခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အင်အားကြီး လူမျိုးစုတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့နယ်မြေမှာ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ လာရောက် မပြုလုပ်နိုင်အောင် ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲတွေကို ပဋိပက္ခအဆုံးသတ်ရေး နည်းလမ်းအဖြစ် ကြွေးကြော်ထားပေမယ့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်တွေအတွင်း ချုပ်နှောင်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူ ကလည်း အခုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး အာဏာတည်မြဲဖို့ “လှည့်ဖြားမှု” တခုသာဖြစ်ကြောင်း ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။

မူရင်းသတင်း – Myanmar’s Poll Result Due End Of January: Election Official

 

0 Shares:
You May Also Like
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလပြော၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU တောင်းဆို

“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”