အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျနော် ပြည်သူလူထုကို ပြောချင်တာက လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာရင် ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်လာပါစေ အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာမှာက ကျနော်တို့တိုင်းပြည် သူများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံရမှာ ဖြစ်တယ်၊ သူတို့ (စစ်တပ်) လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ မမှန်မကန်တာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။” လို့ ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ပြောကြားထားတာပါ။

စစ်အာဏာရှင်တွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အမှန်တရား တစ်ခါမှ မရှိခဲ့ဖူးဘဲ အကြမ်းဖက်ခိုင်းစေခံရတာသာဖြစ်တယ်လို့လည်း ရဲမှူးချုပ်က ပြောဆိုထားပါတယ်။


“အခုဆို ကျနော် အသက် ၇၀ ပြည့်တော့မယ်၊ ကျနော်က စစ်ရေးကာလမှာ မွေးဖွားလာတာပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေ ရှိလည်း အုပ်ချုပ်တယ်၊ မရှိလည်း အုပ်ချုပ်တယ်၊ ပြန်ကြည့်ရမယ်ဆိုရင် ၆၂ ခုနှစ်(၁၉၆၂) နောက်ပိုင်း ၇၄ ခုနှစ်ရောက်မှ ဥပဒေကို ပြဌာန်းလာတယ်။ ကြားကာလမှာ ဥပဒေမရှိဘူး၊ သူတို့ပဲ အုပ်ချုပ်တယ်၊ ရွေးကောက်ပွဲ ရှိတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲက အမှန်တရား တစ်ခါမှ မရှိဘူး။ ပြောချင်တာက ပြည်သူလူထု တကယ်လိုအပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အကြမ်းဖက်ခိုင်းစေခံရတာပဲ ဖြစ်တယ်။” လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် က ပြောပါတယ်။

ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ကရင်လူမျိုးဖြစ်ဖြစ် အခြားတိုင်းရင်းသားလူမျိုး ဖြစ်ဖြစ် ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။