ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မွန်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၅ပါးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။

နယ်မြေစိုးမိုးထိန်းချုပ်မှုနဲ့ အုပ်ချုပ်မှုကို ရရှိလိုတဲ့ စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ အပါအဝင် အရပ်သားပစ်မှတ်တွေကိုပါ လက်နက်ကြီး၊ လေကြောင်းတို့နဲ့ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ မွန်ဒေသမှာလည်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သံဃာတော် (၃) ပါး အပါအဝင် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ မတူညီတဲ့ အစုအဖွဲ့တွေကြား လုပ်ကြံသတ်ဖြတ်မှုတွေ၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ကပ်ဆိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေလည်း တိုးပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ မွန်ဒေသမှာလည်း လက်သည်မပေါ်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာ အရပ်သားသေဆုံးသူ (၄) ယောက်အထိ ရှိခဲ့တယ်လို့ NRFF ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (ဓာတ်ပုံ IMNA)



မွန်ပြည်နယ်ထဲက မြို့နယ် (၅) ခုမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ကြား ဩဂုတ်လအတွင်း ထိတွေ့တိုက်ပွဲ (၁၁) ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း အရပ်သား (၁) ယောက်အပါအဝင် သေဆုံးသူ (၁၇) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၈) ယောက်ခန့်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

မွန်ဒေသက အရပ်သားပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးမှုတွေလည်း ရှိနေပြီး ဩဂုတ်လအတွင်းမှာပင် ဖမ်းဆီးခံရသူ (၈၁) ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစလို့ ၆ လတကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးခဲ့ရာကနေ အာဏာတည်မြဲရေး ထွက်ပေါက်အဖြစ် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပေမယ့် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး ပြည်သူလူထုဘဝ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကို ခြိမ်းခြောက်ဖျက်ဆီးနေဆဲဖြစ်တယ်လို့ NRFF က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်စာ ရှာထွက်သည့် မြေးအဘိုး ၃ ဦးကို စစ်တပ်က ပစ်လို့ ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရ…

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။