ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအစီအစဉ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုတွေ ပြန်လည်မွမ်းမံလေ့ကျင့်ကာ စစ်ဗျူဟာသင်ခန်းစာတွေ ဆွေးနွေးသုံးသပ်ခဲ့ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စံနှုန်းတွေ လေ့ကျင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့သလို တပ်ဖွဲ့စည်းပုံနဲ့ တာဝန်တွေ ပြင်ဆင်သတ်မှတ်တာတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။‎

‎Annual Camp 2025 အတွက် ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ‎ကလေးဒေသတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

‎ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသခံပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်​ခေါင်း-အုတ်တွင်း တိုက်ပွဲအတွင်း သာယာဝတီခရိုင် တပ်ရင်း (၃)မှ ဒုတပ်စိတ်မှူးနှင့် မိုင်းတာဝန်ခံတပ်ကြပ်ကြီးတို့ ကျဆုံးခဲ့

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲမှာ ဒုတပ်စိတ်မှူးနဲ့ မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ဆိုသူတို့ ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) (Myanmar Defense Force) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း၊ ပြောင်ချောင်းကျေးရွာနားမှာ အင်အား(၁၅၀) ပါအကြမ်းဖက်စစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို စစ်အုပ်စု ပြန်လည်ရယူရန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်သွား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြန်လည်ရယူနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။