ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၅) တပ်မဟာမှူး၊ အာရက္ခတပ်တော် (AA)က တပ်မှူးတွေ အပါအဝင် အခြားမဟာမိတ် ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို အာရက္ခတပ်တော်(AA) က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ (၅)လခန့်ကြာမြင့်ခဲ့တယ်လို့ BPLA က ဆိုပါတယ်။

အဆိုပါသင်တန်းမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပါအဝင် Force For Federal Democracy(FFD)၊ ပကဖ(ရန်ကုန်)၊ သေမင်းတမန် ပကဖ၊ ပကဖ(ကဝ)နဲ့ ပကဖ(အင်းတကော်) အစရှိတဲ့ မဟာမိတ်တပ်ရင်း တပ်ဖွဲ့တွေက သင်တန်းသူ ၊​သင်တန်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို စစ်သည်နဲ့ စစ်မေ ၆၆ ယောက် တက်ရောက်ခဲ့ပြီး အယောက် ၅၀ သာ သင်တန်းပြီးဆုံး အောင်မြင်ခဲ့တယ်လို့ BPLA က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အလိုကျ ပြည်သူကို ပေါ်တာဆွဲကူနေသည့် ပျော်ဘွယ်နယ်က ရပ်ကျေးဥက္ကဌ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကော်မရှင်အလိုကျ ပြည်သူတွေကို ပေါ်တာဆွဲကူပေးနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲက ရပ်ကျေးဥက္ကဌတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ဆီက သိရပါတယ်။ တောင်ကျောင်းကျေးရွာမှာ ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။
Read More

PDF တပ်ဖွဲ့အတွင်း ဆက်သွယ်ဝင်ရောက်လာတဲ့ အသက်မပြည့်ကလေးငယ်တွေကို မိဘအုပ်ထိန်းသူများဆီ ပြန်လည်အပ်နှံ…

" အခုလို မိသားစုကို ပြန်ပြီးအပ်နှံပေးတာ ဒုတိယအကြိမ်ပါ။ပထမအကြိမ်က ကလေးတွေနဲ့ မိသားစုရဲ့ လုံခြုံရေးအခြေအနေကြောင့် လိုင်းပေါ်မတင်ခဲ့ပါဘူး။ အခုတော့ စိုးမိုးနယ်မြေထဲကဖြစ်လို့ ပြည်သူကိုအသိပေးတာပါ။ ကျနော်တို့ကတော့ ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာကျင့်သုံးပါတယ်။ ပြည်သူနဲ့တသားတည်းလည်းရှိနေပါတယ်။" လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်ကမောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။