အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျနော် ပြည်သူလူထုကို ပြောချင်တာက လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာရင် ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်လာပါစေ အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာမှာက ကျနော်တို့တိုင်းပြည် သူများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံရမှာ ဖြစ်တယ်၊ သူတို့ (စစ်တပ်) လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ မမှန်မကန်တာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။” လို့ ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ပြောကြားထားတာပါ။

စစ်အာဏာရှင်တွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အမှန်တရား တစ်ခါမှ မရှိခဲ့ဖူးဘဲ အကြမ်းဖက်ခိုင်းစေခံရတာသာဖြစ်တယ်လို့လည်း ရဲမှူးချုပ်က ပြောဆိုထားပါတယ်။


“အခုဆို ကျနော် အသက် ၇၀ ပြည့်တော့မယ်၊ ကျနော်က စစ်ရေးကာလမှာ မွေးဖွားလာတာပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေ ရှိလည်း အုပ်ချုပ်တယ်၊ မရှိလည်း အုပ်ချုပ်တယ်၊ ပြန်ကြည့်ရမယ်ဆိုရင် ၆၂ ခုနှစ်(၁၉၆၂) နောက်ပိုင်း ၇၄ ခုနှစ်ရောက်မှ ဥပဒေကို ပြဌာန်းလာတယ်။ ကြားကာလမှာ ဥပဒေမရှိဘူး၊ သူတို့ပဲ အုပ်ချုပ်တယ်၊ ရွေးကောက်ပွဲ ရှိတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲက အမှန်တရား တစ်ခါမှ မရှိဘူး။ ပြောချင်တာက ပြည်သူလူထု တကယ်လိုအပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အကြမ်းဖက်ခိုင်းစေခံရတာပဲ ဖြစ်တယ်။” လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် က ပြောပါတယ်။

ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ကရင်လူမျိုးဖြစ်ဖြစ် အခြားတိုင်းရင်းသားလူမျိုး ဖြစ်ဖြစ် ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

မန်းဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးမှာ ပို့ဆောင်ပေးခဲ့တဲ့ မင်းခေါင်ပရဟိတအဖွဲ့ကို စစ်ကောင်စီ ဖမ်းခေါ်သွား

မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းသားတချို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။