ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၀) ရက် မနေ့က နေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာရဲ့ အနောက်ဘက် (၆.၇၅) ကီလိုမီတာခန့် အကွာနဲ့ ချိန်ခါလီရွာအနောက်ဘက် (၆.၇၂) ကီလိုမီတာ ခန့်အကွာမှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး (၈၀) ခန့်ဟာ အာရက္ခ ရေပိုင်နက်အတွင်း အစုလိုက်အပြုံလိုက် တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလှေတွေကို AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် (၅) စီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့ ညပိုင်းမှာ ကမ်းစပ်ကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ AA ရေပိုင်နက်အတွင်း ခိုးဝင်လာသည့် တည်နေရာပြမြေပုံ (ဓာတ်ပုံ AA Info Desk)

အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် (၅) စီးထဲက ငါးဖမ်းသမားတွေအဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ ငါးခိုးဖမ်းဘုတ် (၁) စီးက အကြမ်းဖက်သမားတွေဟာ ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ AA ရဲ့ လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်ဖြတ်ကာ လက်နက်တွေ လုယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားခဲ့တယ်လို့ AA က ဆိုပါတယ်။

အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကို AA က ဖမ်းဆီးစစ်ဆေးခဲ့တာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့ အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတစ်ကြိမ်ကတော့ အာရက္ခရေပိုင်နက်အတွင်း အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေကိုပါ သတ်ဖြတ်ပြီး လက်နက်လုယူတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်တာကြောင့် ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ပုဂံမြို့သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်းကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ (ခ) နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သား ဖြစ်လာသူ (၂) ယောက် K.N.L.A တပ်ရင်း (၉) ဆီ လက်နက်နဲ့အတူ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို ခလရ−၂၈၈ မှာ စစ်မှုမထမ်းမနေရ အမိန့်အရ စစ်မှုထမ်းနေရတဲ့ စစ်သား (၂) ယောက်ဟာ စစ်မှုထမ်းသက် (၁) လခန့်အကြာမှာပဲ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပ သံရုံးတစ်ရုံးနှင့် လျှို့ဝှက်တွေ့ဆုံ ခဲ့သောကြောင့် PPP ပါတီ ဥက္ကဋ္ဌ ​ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်တို့ကို အရေးယူ သွားမည်ဟု အကြမ်းဖက်စစ်တပ်၏ UEC ပြော

ပြည်ပသံရုံးတစ်ရုံးက ပုဂ္ဂိုလ်တွေနဲ့ ခွင့်ပြုချက်မရဘဲ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဋ္ဌ ​ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူတို့ကို အရေးယူသွားမယ်လို့ စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က  ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
Read More

တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စု မီးရှို့ကာ ပြည်သူပိုင် ဆန်အိတ်နှင့် အခြားပစ္စည်းများကို ကားဖြင့် သယ်ဆောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက တနယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားပိုင် ဆန်အိတ်တွေကို ကားတွေနဲ့ သယ်ယူနေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မဲထည့်မည့်သူ မရှိသည့်အတွက် ဝေါမြိုနှင့် သဲကုန်းမြို့နယ်ရှိ ပြည်သူတချို့ကို စစ်အုပ်စုက ခြိမ်းခြောက်မဲထည့်ခိုင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃) မှာမဲထည့်မယ့်သူမရှိ တာကြောင့် ကြိုတင်မဲတွေ လိုက်လံကောက်ယူခဲ့သလို  ပြည်သူတွေကို ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။