ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်တပ်လက်ပါးစေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၀ရက်၊ မနေ့ညပိုင်းမှာ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြို့ပြကြွက်ကွန်ယက် တပ်ဖွဲ့ဝင်တွေက အထက်ပါထွေအုပ်ရုံးဝန်းထဲကို ပြင်းအားမြင့် ​လက်လုပ်မိုင်း၂ လုံးနဲ့အတူ လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ထွေအုပ်ရုံးအတွင်း လုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ပစ်မှတ်ထားရည်ရွယ်ခဲ့တာလို့လည်း သိရပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုအပြီး ထွေအုပ်ရုံးအတွင်းရှိနေတဲ့ စစ်အုပ်စုက လျှပ်စစ်မီးတွေ ဖျက်ချခဲ့သလို အခင်းနေရာတဝိုက် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ဥက္ကလာပ ထွေအုပ်ရုံး

လူမပြောင်း၊ မူမပြောင်းဘဲ အမည်အမျိုးမျိုးနဲ့အာဏာရူးနေကြတဲ့သူတွေရဲ့ ပြည်သူအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ တရားဝင်စေဖို့ရည်ရွယ်လုပ်ဆောင်မယ့် “အတုအယောင်ရွေးကောက်ပွဲ” ကို ဆန့်ကျင်ကြောင်းနဲ့ ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့ကိုလည်း မြို့ပြကြွက်ကွန်ယက်က ပြောထားပါတယ်။

“ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကူညီနေတဲ့သူတွေကို ဆက်လက်ပြီး ဦးတည်တိုက်ခိုက်သွားမှာပါ” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း စတင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားပြီးတဲ့နောက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲလုပ်ငန်းတွေ အဓိကလုပ်ဆောင်ပေးနေရာ ထောက်တိုင်တွေဖြစ်တဲ့ ရပ်ကွက်အာဏာပိုင်ရုံးတွေနဲ့ မြို့နယ်ထွေအုပ်ရုံးတွေကို အရင်ထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံ၊ အင်းစိန်၊ လှည်းကူးနဲ့ ထောက်ကြံမြို့နယ်တွေက စစ်အုပ်စုထောက်တိုင်ရုံးတွေ တိုက်ခိုက်ခံထားရပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါ ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။