စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး စစ်သားတွေနဲ့ ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက်ကို ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ကလေးမြို့နယ် နန်းစောင်းပုရွာသစ်ကို ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA) နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့ အင်အား ၁၃၀ ခန့် စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး အကြမ်းဖက်စစ်သားတွေနဲ့ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက MA-1 ၃ လက်၊ MA-3 ၁ လက်၊ MA-11 ၁ လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁ လုံး၊ RPG ပို့ယမ်း ၃ ခု၊ နင်းမိုင်း ၁၂ ခု၊ မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခုနဲ့ မူးယစ်ဆေး အမျိုးအစား ၃ မျိုးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး သြဂုတ် ၁၅ ရက်ကလည်း စစ်သား ၃ ယောက်သေဆုံးကာ စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိခဲ့ပြီး သေနတ်မျိုးစုံ ၁၀ လက်သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။

Video – အမှတ် ၁ စစ်ဒေသ

0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ကျောက်ပန်းတောင်း-ချောက် လမ်းပိုင်းတွင် အကြမ်းဖက်စစ် တပ်ယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ဗိုလ် ၁ ဦး အပါအဝင် အများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ကျောက်ပန်းတောင်း-ချောက် လမ်းပိုင်းမှာ အကြမ်း စစ်တပ်ယာဉ် ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ယောက် အပါအဝင် ၁၀ ယောက် လောက် သေဆုံးခဲ့တယ်လို့ မကွေးခရိုင်အမှတ်-၃ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်လာသည့် စစ်သား ၃ ဦးကို ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာမှာ ဝင်ရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ‌တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အုတ်မြေတူးရွာအတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကီးကူစစ်ကြောင်းထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို ဧပြီ ၁၈ ရက် မနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဒေါက်တိုင် စျေးဆိုင်တွေမှာ စျေးမဝယ်ကြဖို့ သတိပေးတဲ့အနေနဲ့ အသံမိုင်း ဖောက်ခွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃၁ ရက်မှာ အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ The Phoenix Army အဖွဲ့ထံက သိရပါတယ်။