အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ညောင်လေးပင်ခရိုင်ဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်ခံခရိုင်ဖြစ်တဲ့အလျောက် KNU ဗဟိုရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

KNU ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို ပြည်သူလူထုတရပ်လုံး ယုံကြည်လက်ခံတဲ့ တနိုင်လုံးလွှမ်းခြုံတဲ့ ရွေးကောက်ပွဲရလဒ်နဲ့အညီ ဖက်ဒရယ် “နိုင်ငံသစ်” ကို ထူထောင်ကြဖို့ ဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သလို ပြည်သူတွေကို ငရဲတွင်း ပို့ဆောင်ဖို့သာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အကြမ်းဖက်စစ်တပ် တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ စစ်တပ်အကြီးအကဲ၊ အပေါင်းအပါ၊ မိသားစုဝင်တွေ၊ စစ်တပ်ရဲ့ လောင်းရိပ်အောက်မှာ အဆိပ်သင့်နေတဲ့ နိုင်ငံရေးပါတီ‌တွေရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်တာကြောင့် ညောင်လေးပင်ခရိုင် အုပ်ချုပ်ရေးအတွင်းက ပြည်သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ပါဝင်ခြင်း မပြုဖို့ကိုလည်း သတိပေးထားပါတယ်။ 

ဒါ့အပြင် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝင်ရောက်စိမ့်ဝင် အားပေးအားမြောက်ပြုသူတွေကိုလည်း KNU ညောင်လေးပင်ခရိုင်က စောင့်ကြည့်နေမှာ ဖြစ်ပြီး လိုအပ်ရင် ကျူးလွန်သူတွေကို ကော်သူးလေ တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ က တရားဝင် စာထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် ဧရာဝတီတိုင်းထဲက စစ်တပ်အသိုင်းအဝိုင်းပါ သွေးပျက်လာ

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေအတွင်းကနေ မြို့နယ်အစပ် နေရာတွေအထိပါ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်လာနေပြီး နေရာချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေလည်း သွေးပျက်ကာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။