ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအစီအစဉ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုတွေ ပြန်လည်မွမ်းမံလေ့ကျင့်ကာ စစ်ဗျူဟာသင်ခန်းစာတွေ ဆွေးနွေးသုံးသပ်ခဲ့ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စံနှုန်းတွေ လေ့ကျင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့သလို တပ်ဖွဲ့စည်းပုံနဲ့ တာဝန်တွေ ပြင်ဆင်သတ်မှတ်တာတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။‎

‎Annual Camp 2025 အတွက် ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ‎ကလေးဒေသတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

‎ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသခံပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောတွင် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ပစ္စည်းလု၊ လူသတ်၊ အလောင်းဖျောက်ခံရ၊ သံသယရှိသူ ၂ ဦး ထွက်ပြေးလွတ်မြောက်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီး ၁ ယောက်ကို လူသတ်အလောင်းစွန့်ပစ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ကာ ကျူးလွန်သူလို့ သံသယရှိသူ ၂ ယောက်လည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။
Read More

ဇူလိုင်လမှ အောက်တိုဘာလအထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၈၀ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရက်ပေါင်း ၁၀၉ ရက်အတွင်း အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ရာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။