ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအစီအစဉ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုတွေ ပြန်လည်မွမ်းမံလေ့ကျင့်ကာ စစ်ဗျူဟာသင်ခန်းစာတွေ ဆွေးနွေးသုံးသပ်ခဲ့ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စံနှုန်းတွေ လေ့ကျင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့သလို တပ်ဖွဲ့စည်းပုံနဲ့ တာဝန်တွေ ပြင်ဆင်သတ်မှတ်တာတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။‎

‎Annual Camp 2025 အတွက် ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ‎ကလေးဒေသတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

‎ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသခံပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗုံးခိုကျင်းတည်ဆောက်ရေးနှင့် အသိပညာပေးလုပ်ငန်းတွေအတွက် ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထား

ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံးတွေ ကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် မူးဝေအော့အန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။