အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျနော် ပြည်သူလူထုကို ပြောချင်တာက လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာရင် ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်လာပါစေ အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာမှာက ကျနော်တို့တိုင်းပြည် သူများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံရမှာ ဖြစ်တယ်၊ သူတို့ (စစ်တပ်) လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ မမှန်မကန်တာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။” လို့ ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ပြောကြားထားတာပါ။

စစ်အာဏာရှင်တွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အမှန်တရား တစ်ခါမှ မရှိခဲ့ဖူးဘဲ အကြမ်းဖက်ခိုင်းစေခံရတာသာဖြစ်တယ်လို့လည်း ရဲမှူးချုပ်က ပြောဆိုထားပါတယ်။


“အခုဆို ကျနော် အသက် ၇၀ ပြည့်တော့မယ်၊ ကျနော်က စစ်ရေးကာလမှာ မွေးဖွားလာတာပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေ ရှိလည်း အုပ်ချုပ်တယ်၊ မရှိလည်း အုပ်ချုပ်တယ်၊ ပြန်ကြည့်ရမယ်ဆိုရင် ၆၂ ခုနှစ်(၁၉၆၂) နောက်ပိုင်း ၇၄ ခုနှစ်ရောက်မှ ဥပဒေကို ပြဌာန်းလာတယ်။ ကြားကာလမှာ ဥပဒေမရှိဘူး၊ သူတို့ပဲ အုပ်ချုပ်တယ်၊ ရွေးကောက်ပွဲ ရှိတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲက အမှန်တရား တစ်ခါမှ မရှိဘူး။ ပြောချင်တာက ပြည်သူလူထု တကယ်လိုအပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အကြမ်းဖက်ခိုင်းစေခံရတာပဲ ဖြစ်တယ်။” လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် က ပြောပါတယ်။

ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ကရင်လူမျိုးဖြစ်ဖြစ် အခြားတိုင်းရင်းသားလူမျိုး ဖြစ်ဖြစ် ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် တစ်နှစ်အတွင်း လူပေါင်း ၂ ထောင်ကျော် ဖမ်းဆီးခံရပြီး စစ်မှုထမ်းအတွက် ၄၀၀ နီးပါးပါဝင်

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ လူပေါင်း ၂ ထောင်ကျော်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲ ကစစ်မှုထမ်းအတွက် လူ ၄၀၀ နီးပါးပါဝင်ခဲ့တယ်လို့ Rangoon Scout Network ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း 

တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။