ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအစီအစဉ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုတွေ ပြန်လည်မွမ်းမံလေ့ကျင့်ကာ စစ်ဗျူဟာသင်ခန်းစာတွေ ဆွေးနွေးသုံးသပ်ခဲ့ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စံနှုန်းတွေ လေ့ကျင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့သလို တပ်ဖွဲ့စည်းပုံနဲ့ တာဝန်တွေ ပြင်ဆင်သတ်မှတ်တာတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။‎

‎Annual Camp 2025 အတွက် ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ‎ကလေးဒေသတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

‎ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသခံပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။