နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံကို မီးတင်ရှို့ခဲ့ပြီး အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အိမ်တွေကို နိုင်ငံတဝန်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။

စက်တင်ဘာ ၉ ရက်ညပိုင်းမှာ ဆန္ဒပြသူတွေဟာ အကျပ်အတည်းကို အခွင့်ကောင်းယူပြီး ပုဂ္ဂလိကပိုင်ဆိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ နီပေါစစ်တပ်က ဆိုပါတယ်။

ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက်ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေဟာ စက်တင်ဘာ ၈ ရက်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိပြီး သေဆုံးသူ ၂၀ ကျော်အထိရှိလာပြီဖြစ်တယ်လို့ နီပေါသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်သား ၉ယောက် သေပြီး ၄ယောက်ဖမ်းမိတဲ့ အောင်သပြေဂူကုန်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အောင်သပြေကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၁ ရက် အပစ်ရပ်ကြေညာထားသည့် အကြမ်းဖက်စစ်ကောင်စီ ကနီမြို့ကို လေကြောင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကို ဧပြီ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။