ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တောင်ငူမြို့နယ်၊ ပဒဲကျေးရွာထဲ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို စနိုက်ပါနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ရေးလုပ်ဆောင်မှုအပါအဝင် တောင်ငူ-လိပ်သိုလမ်းပိုင်းက သံမိုးတောင်ရွာ စကမစခန်းကို တိုက်ခိုက်မှုနဲ့ ဇလဲစခန်းကနေ ကင်းလှည့်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်တာတွေကို ကမ်းနီးကြားဒေသကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄၊ ၂၆နဲ့ ၃၀ရက်နေ့တွေမှာ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာထဲက အကြမ်းဖက်စခန်းကို ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၃၀ရက်နေ့ကလုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စနိုက်ပါ ၉ချက်ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂ယောက်သေပြီး ၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂ရက်နေ့မနက်ပိုင်းကလည်း ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာရှိတဲ့ သံမိုးတောင်ရွာအကြမ်းဖက်စစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သေးပြီး ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း သူကဆက်ပြောပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ ၇ရက်နေ့မှာလည်း အထက်ပါ တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ဇလဲရွာစခန်းကနေ တောင်ဇလဲရွာဘက် ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကမ်းနီးကြားဒေသကာကွယ်ရေးတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက် ၂ယောက်သေပြီး ၃ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ KNU တပ်မဟာ(၂) တပ်ရင်း (၅)လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း ပြောက်ကျားစစ်ရေးဖော်ဆောင်မှုတွေ အဓိကလုပ်ဆောင်နေတာလို့သိရပါတယ်။

“ကျနော်တို့ကတော့ လက်ရှိမှာ လက်နက်ခဲယမ်းအားနည်းတဲ့အတွက် ပြောက်ကျားနည်းပဲ ကစားနိုင်တယ်။ ဒါပေမယ့် တော်လှန်ရေးအဆုံးထိ ကျနော်တို့တွေ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားကြတယ်။” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့…

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။
Read More

နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ အဆက်ဖြစ်ကြောင်း NUG ယာယီသမ္မတ ပြောကြား… သမိုင်းအစဉ်အလာကြီးမားတဲ့ NLD ၏ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေဟု ဆို…

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ... နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက် အလိုရှိနေကြပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အသက်ထွက် ပြိုဆင်းဖို့ တာဆူနေသည့် မြန်မာစစ်တပ် ဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနှင့် လက်နက်အကူအညီများကို ပြန်လည်ရရှိနေဟု ယာယီသမ္မတ ပြောကြား၊ လက်ရှိ ခုခံတော်လှန်စစ်သည် “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” အခြေအနေနှင့် ရှေ့ဆက်နေရဟု ဆို

တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ခုခံတော်လှန်စစ်ကြောင့် အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်က ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။