အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။

စက်တင်ဘာလ ၉ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ UEC ရဲ့ ထုတ်ပြန်စာအရ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် ပါတီ ၄ ခုဟာ သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၇ ရက်အထိ ပါတီဝင် ဦးရေ မပြည့်မှီတာတွေနဲ့ ပါတီရုံးခန်း သတ်မှတ်အရေအတွက် လိုအပ်ချက်တွေရှိနေတာကြောင့် ဖျက်သိမ်းခဲ့တာလို့ ဆိုထားပါတယ်။

ဒေါ်စန္ဒာမင်း ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို UEC က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)နဲ့ အမျိုးသမီးပါတီ(မွန်)တို့ဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိနေပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်မှာ ယှဥ်ပြိုင်သွားမှာလို့ သိရပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ပါတီဖျက်သိမ်းမခံရသေးခင်အထိ သူဒုဥက္ကဌတာဝန်ယူထားတဲ့ NDF ပါတီကို ဝင်ရောက်လာသူတွေနဲ့ ကိုယ်စားလှယ်လောင်းလျှောက်ထားသူတွေ များပြားနေကြောင်း ကြားဝါပြောဆိုထားတာ ဖြစ်ပါတယ်။

“NDF ပါတီကို တခဲနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်းမှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာလ ၈ရက် ညပိုင်းကပဲ ရေးသားခဲ့ပါသေးတယ်။

သူ အခုလို ရေးသားပြီး နောက်တစ်ရက်မှာပဲ ပါတီဖျက်သိမ်းခံလိုက်ရတာပါ။ NDF ပါတီဟာ NLD ပါတီကနေ စစ်တပ်ဘက်ယိမ်းခဲ့သူတွေ တည်ထောင်ခဲ့ကြတဲ့ ပါတီတစ်ခုဖြစ်ပြီး NLD အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ချိန်မှာ နေရာမရတော့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း (၁) ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမှာ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နတ်မောက်မှာ ရွာကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး အရာရှိအပါ ၁၀ယောက်နီးပါးသေ

"ကန်သာရွာကိုစဝင်တော့ ကျနော်တို့ 40မမ နဲ့ပစ်ခတ်လို့ ဗုံးသီးစ လည်ပင်းထိပြီး စခတစ်ယောက်ထမ်းလာရတယ်။ အဲ့ဒါသူတို့ ကန်သာရွာကနေ အရပ်သားပိုင်ပစ္စည်းတွေ ယူလာပြီးအပြန် ထန်းပင်မြောင်ရွာအထွက်မှာ ကျနော်တို့က ၄၀မမတွေ၊ လက်နက်ငယ်တွေနဲ့လိုက်ပစ်ခဲ့ပါတယ်။ အဲ့မှာထမ်းစင်ပေါ်ကတင်လာတဲ့လူနာကို ပစ်ချပြီး ကျနော်တို့ကို ဆဲဆဲဆိုဆို ပြန်ပစ်ပါတယ်။ အဲ့လူနာကတော့သွေးထွက်လွန်ပြီးဆုံးတာပေါ့။"
Read More

စလင်းမှာ ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံစောင့် စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်၊ စစ်ကောင်စီတပ်သား ၇ယောက်သေပြီး ရဲစခန်းပတ်ပတ်လည်က အတားအဆီးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။