မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နှလုံးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားစွာ ခံစားနေရပေမယ့် နှလုံးအထူးကုဆရာဝန်နဲ့ ပြသခွင့် မရကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒါဟာ မဟုတ်မမှန်ကြောင်း အာဏာသိမ်းစစ်တပ်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အတိအကျ သိခွင့်ရဖို့အတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ သားဖြစ်သူက တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်စွာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ၊ တရားရေးရာဘက်ကသူတွေ၊ ပြင်ပ ဆရာဝန်တွေနဲ့ တွေ့ခွင့် တင်းကြပ်ထားကာ ငြင်းဆိုနေတာတွေက လက်မခံနိုင်စရာဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

မြန်မာပြည်သူတွေ၊ မိသားစုဝင်တွေနဲ့ ကမ္ဘာတဝှမ်းကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေမှန်ကို သိခွင့်ရှိပြီး အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ဖို့ အခွင့်အရေးရှိပေမယ့် စစ်တပ်က ဒီလိုအခြေခံအခွင့်အရေးတွေကို ငြင်းဆိုပိတ်ပင်နေတာဟာ ရက်စက်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူ့ရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့ မေမေ့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး” လို့ ကိုထိန်လင်းက ပြောခဲ့ပါတယ်။

Myanmar democracy icon Aung San Suu Kyi (C) and her son Kim Aris (L) pose for pictures at the airport in the central ancient temple city of Bagan before flying back to Yangon on July 8, 2011. Democracy icon Aung San Suu Kyi drew large crowds on a landmark trip to rural Myanmar that tested her freedom, but experts say the regime will tolerate her activities only up to a point. AFP PHOTO/Soe Than WIN (Photo by Soe Than WIN / AFP)
0 Shares:
You May Also Like
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟု ဆို

ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ ယနေ့ မြန်မာပြည်လာမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေး ညှိနှိုင်းရေးမှူး Tom Fletcher ဟာ မြန်မာနိုင်ငံကို ဧပြီလ ၄ ရက် သောကြာနေ့မှာ ရောက်ရှိမယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။