မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်‌၊ ညောင်ကိုင်းကျေးရွာမှာ အင်အား ၂၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းက ပွင့်ဖြူမြို့နယ် ‌ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက် မြေ နီကုန်းတောကျောင်းအနီး ရောက်ရှိလာတဲ့ အင်အား ၂၀၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်တပ်ရင်း (၁) ပကဖ၊ မြိုင် ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း(၄) ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှုနဲ့ မြိုင်/ပေါက် Drone Team တပ် ၊ ပခုက္ကူ ပကဖ ၊ ပွင့်ဖြူမြို့နယ် ပလဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – COBRA ONE

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ မော်ဖားသူးစစ်စခန်း ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မီတာကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူအထိုင်စခန်းကနေ ကံရွာသို့ မီတာကြေးလာကောက် တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Justice Warriors Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းနဲ့ဗုံးကြဲ (ရုပ်/သံ)

စစ်ကိုင်းမြို့က  ဆားတောင်ရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောဖီးတွေကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို Royal Falcon Guerilla Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။