မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ရက် မနေ့ နေ့လယ် ၁နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ရဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမယ့် စာသင်ကျောင်းမှာရှိတဲ့ ကျောင်းဆောင်တွေကတော့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးလေလေ ပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာကာ ပြည်သူပိုင် နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း စာသင်ကြားနေတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက် သေဆုံးကာ ကလေးငယ် ၅ယောက် အပါအဝင် ပြည်သူ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အမျိုးသား ၁ဦး ဦးခေါင်းဗုံးစထိမှန် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၃နာရီလောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့စက်တပ်လေထီး ၃စီးဟာ အေးရွာလေးကို ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ယောက် ဦးခေါင်းကို ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။