ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တောင်ငူမြို့နယ်၊ ပဒဲကျေးရွာထဲ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို စနိုက်ပါနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ရေးလုပ်ဆောင်မှုအပါအဝင် တောင်ငူ-လိပ်သိုလမ်းပိုင်းက သံမိုးတောင်ရွာ စကမစခန်းကို တိုက်ခိုက်မှုနဲ့ ဇလဲစခန်းကနေ ကင်းလှည့်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်တာတွေကို ကမ်းနီးကြားဒေသကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄၊ ၂၆နဲ့ ၃၀ရက်နေ့တွေမှာ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာထဲက အကြမ်းဖက်စခန်းကို ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၃၀ရက်နေ့ကလုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စနိုက်ပါ ၉ချက်ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂ယောက်သေပြီး ၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂ရက်နေ့မနက်ပိုင်းကလည်း ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာရှိတဲ့ သံမိုးတောင်ရွာအကြမ်းဖက်စစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သေးပြီး ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း သူကဆက်ပြောပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ ၇ရက်နေ့မှာလည်း အထက်ပါ တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ဇလဲရွာစခန်းကနေ တောင်ဇလဲရွာဘက် ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကမ်းနီးကြားဒေသကာကွယ်ရေးတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက် ၂ယောက်သေပြီး ၃ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ KNU တပ်မဟာ(၂) တပ်ရင်း (၅)လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း ပြောက်ကျားစစ်ရေးဖော်ဆောင်မှုတွေ အဓိကလုပ်ဆောင်နေတာလို့သိရပါတယ်။

“ကျနော်တို့ကတော့ လက်ရှိမှာ လက်နက်ခဲယမ်းအားနည်းတဲ့အတွက် ပြောက်ကျားနည်းပဲ ကစားနိုင်တယ်။ ဒါပေမယ့် တော်လှန်ရေးအဆုံးထိ ကျနော်တို့တွေ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားကြတယ်။” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

DKBA ပိုင်နက်ထဲ နိုင်ငံခြားသားများအပါ ကျားဖြန့်လုပ်သား ၂၀၀၀ ကျော်တွေ့၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းလိုဟု KNU ထုတ်ပြန်

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်နေသည့် မြိုင်မှာ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ အရပ်သား ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး သာသနာရေးအဆောက်အုံတွေ ပြိုကျပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။