ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ လားရှိုးမြို့ကနေ တောင်ကြီးမြို့ကို စစ်ရှောင်လာတဲ့ အမျိုးသား ၁ ယောက်ကို ရွေးကောက်ပွဲ ပျက်ပြားစေရန် လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူဟာ အသက် ၃၆ နှစ်အရွယ် ကိုနေသွေးဆိုသူဖြစ်ပြီး တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်း (ပ) ၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကော်မရှင်မှ ထုတ်ပြန်ထားသည့်ပုံ

အဲဒီနောက် တရားရုံးကို တရားစွဲတင်ပို့ စစ်ဆေးခဲ့ရာ စက်တင်ဘာ ၉ ရက်မှာ ကိုနေသွေးကို ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ အလုပ်နဲ့ ထောင်ဒဏ် (၇) နှစ် ကျခံဖို့ တရားရုံကနေ မတရား အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကော်မတီအစည်းအဝေးမှာလည်း ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်းနောင်က ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုတွေ လူမှုကွန်ရက်ပေါ်မှာ ပြောဆိုနေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကို စစ်တပ်က ထုတ်ပြန်ပြီးချိန်ကစလို့ စက်တင်ဘာလ ၂ ရက်နေ့အထိ အဆိုပါဥပဒေနဲ့ အရေးယူထားမှု ၃ မှု ရှိတယ်လို့လည်း အဆိုပါ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဇီးကုန်းမြို့ KTV မှာ ပျော်ပါးနေသည့် စစ်သား ၇ ဦး တိုက်ခိုက်ခံရပြီး အားလုံး သေ

ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများကို အရေးယူသွားမယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့ ကသတိပေး

မကြာခင်ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူများကို အရေးယူမှုတွေပြုလုပ်သွားမယ်လို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီဆောင်ရွက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။