ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 

စက်တင်ဘာ ၈ ရက် မနေ့နေ့လယ်ပိုင်းက မြစ်ကြီးနားမြို့လယ် အောင်နန်းရပ်ကွက် ရွှေဆန်းလီရွှေဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ လူ ၃ ယောက် သေနတ်ကိုင်ဆောင်းဓားပြတိုက်ခဲ့ရာ လက်ဝတ်ရတနာပစ္စည်းတွေ ပါသွားခဲ့တယ်လို့ သိရပါတယ်။ 

ရွှေထည်ပစ္စည်းတန်ဖိုး ဘယ်လောက်ပါသွားလဲဆိုတာကို မသိရသေးဘဲ စစ်ကော်မရှင်တာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် တာရိုးကုန်းလမ်းမှာ ကျန်းမာရေးအရ လမ်းလျှောက်နေတဲ့ အမျိုးသမီး ၁ ယောက်ကို အမျိုးသား ၆ ယောက် ဓားထောက် လုယက်ခဲ့တဲ့အတွက် ရပ်ကွက်နေသူ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၄ ယောက်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Video –  လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

တီးတိန်မြို့နယ်တွင် စားကျက်မြေအတွင်း ဝင်ရောက်လာသည့် အင်းကျား ၂ ကောင် သေဆုံး (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ‌ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်း ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရဦ စစ်သား ၁ ယောက်သေဆုံးသွားတယ်လို့ Moe Nyo Revolution Force အဖွဲ့ထံက သိရ ပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း

"တော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံပေးနိုင်မယ့် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်”