တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ ထားဝယ်ဘက်ကနေ ရေးဘက် မောင်းနှင်လာတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့တွေက တိုက်ခိုက်တယ်ဆိုတာတော့  မသိရဘူးလို့ ဆိုပါတယ်။

“စပစ်တာနဲ့ အကုန်လုံးက ပြေးကြတာ.. ကား ၃စီးပဲ ကျန်ခဲ့တာ။ ထိပ်ဆုံးကားကို RPG နဲ့ အရင်ထိသွားတယ်။ အဲ့မှာ ကားပါ မီးလောင်ပြီး ယာဉ်မောင်း ၁ဦးသေတယ်။ ယာဉ်နောက်လိုက်ကကျတော့ ကားသမားဘေးမှာ ထိုင်နေတာ သူကျ ကျည်ထိသွားတယ်။ အခုက ဘယ်ဘက်က ပစ်မှန်းကို မသိတာ။ စစ်တပ်ကလား … KNU ကလား မသိဘူးပေါ့နော်” လို့ ပစ်ခတ်မှုဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းဟာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေက လမ်းတွေကို ခတ္တာပိတ်ထားရာကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က စပြီး ၃ ရက်တိတိ လမ်းကို ပြန်ဖွင့်ပေးကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။  ဒီဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ်ဆိုတာကိုတော့ မောင်းအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အထက်ပါဒေသခံကပဲ ဆက်လက်ပြီး “အခုချိန်ထိ အလောင်းတွေကို ဘယ်သူမှ လာမရှင်းသေးဘူး။ လမ်းဘေးမှာ မီးလောင်သွားတဲ့ ကားနဲ့ အလောင်းတွေက ဒီအတိုင်းပဲ။ လမ်းမှာက သွားလာနေတဲ့ ကားတွေက ရှိနေတုန်းပဲ.. ဒီလိုပဲ ကျော်ဖြတ်ပြီး သွားနေကြတာ။ ဘယ်သူမှတော့ လာမရှင်းကြသေးဘူး” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ဆည်မှာ တောင်ကျချောင်းရေစီးထဲ မျောပါသွားသူဟာ ဆင်မင်းဘိလပ်မြေ ဒုစက်ရုံမှူးဟု သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။