ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။

၎င်း၏ လေယာဉ်ဟာ စင်္ကာပူကနေ ဒေသစံတော်ချိန် ၁၂း၄၆ မှာ ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂း၅၄ မိနစ်မှာ ဘန်ကောက်ကို ရောက်ရှိလာတာပါ။ 

သတင်းထောက်တွေနဲ့ ကင်မရာသမားတွေကတော့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်က ပုဂ္ဂလိက ဂျက်လေယာဉ်ဂိတ်အဝင်ပေါက်မှာ တိုးဝှေ့ပြည့်ကျပ်နေကြပါတယ်။

စင်္ကာပူကနေ ထွက်လာချိန်မှာ ၎င်းကို Flightradar24 အက်ပ်လီကေးရှင်းကတဆင့် ခြေရာခံခဲ့ပြီး မီဒီယာအားလုံးနီးပါးက ၎င်းရဲ့ ဆင်းသက်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြပါတယ်။

လေယာဉ်ပေါ်ကနေ ဆင်းလာတာကိုတော့ ဘယ်သူမှမတွေ့ရတာကြောင့် သူတကယ်ပြန်လာပြီလားဆိုတာကို အချို့က သံသယဝင်နေကြပေမဲ့ ရုပ်သံသတင်းဌာနတခုကတော့ ဆိုက်ရောက် အဆောက်အအုံကနေ ထွက်ခွာသွားတဲ့ သက်ဆင်ရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ကြောင်း သိရပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ၎င်းရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဘန်ကောက်ကနေ ထွက်ခွာသွားခဲ့ပြီး တရားရုံးရက်ချိန်းကို ပြန်လာမှာမဟုတ်ဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးမှုတွေ ရှိခဲ့ပါတယ်။

၎င်းရဲ့ ကနဦးပျံသန်းမှုအစီအစဉ်မှာ စင်ကာပူမှာ ဆေးသွားကုဖို့လို့ ဆိုခဲ့ပေမဲ့ ဂျက်လေယာဉ်လမ်းကြောင်းပြောင်းပြီး ၎င်းရဲ့ ထွက်ပြေးခိုလှုံရာနေရာဟောင်းဖြစ်ခဲ့တဲ့ ဒူဘိုင်းကို သွားရောက်ခဲ့တာပါ။

သက်ဆင်ဟာ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံကနေ ထွက်ပြေးချိန်ကစလို့ ၁၅ နှစ်ကြာ ဒူဘိုင်းမှာ နေထိုင်ခဲ့ပြီး ၂၀၂၃ မှာ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ 

၂၀၂၄ ခုနှစ် မှာတော့ သမီးဖြစ်သူ ပတွန်တန် ရှင်နာဝပ်ထရာဟာ ထိုင်းရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လကုန်မှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ 

ဒီလိုအချက်တွေကပဲ သူ့အနေနဲ့ ထိုင်းနိုင်ငံကနေ နောက်တခေါက် ထပ်မံ ထွက်ပြေးသွားတာလားဆိုပြီး လူအများ ထင်ကြေးပေးစရာ ဖြစ်လာခဲ့တာပါ။ 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သက်ဆင်ဟာ ၎င်းရဲ့ X မှာ ပို့စ်တင်ခဲ့ပြီး အင်္ဂါနေ့ တရားရုံးကြားနာပွဲကို အချိန်မီပြန်လာမယ်လို့ အာမခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ ထွက်‌ပြေးတိမ်းရှောင်

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်များကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က မေလ ၈ ရက်မှာပြောပါတယ်။