နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကို အရင်ကထက် ပိုမို အသုံးပြုခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို တွင်ကျယ်စွာ ပြုလုပ်နေတာကို တွေ့ရှိရကာ အမျိုးသမီး (၇၃) ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်အဖြစ် အခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေနဲ့ မြေပြင်ကနေ ရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက် အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့ (၅) နှစ်နီးပါး ကာလအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးတွေရဲ့ ရဲရင့်မှုနဲ့ ရှင်သန်မှုတွေ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေအတွက် ထင်ဟပ်တဲ့ အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ PDF (၅၁၀) တပ်ရင်း (Special - 10 PDF) အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ မိုးဗြဲ PDF ထံ ခိုလှုံ

အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။