တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးကာ ၆ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၂ ရက်နေ ၂၅ ရက်အထိ ၁၄ ရက်ကြာ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဖမ်းဆီးမိခဲ့ကာ MA-4 သေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – ထားဝယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

သံဖြူဇရပ်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ရက်ထဲ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ Taung Nyo Column -P29906 အဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။