ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

“ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးမှုများ အဆောတလျင် ဆောင်ရွက်ကြရန် လေးနက်စွာတိုက်တွန်းအပ်တယ်” လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးလိုအပ်နေတဲ့ ထိရောက်တဲ့ ဆေးကုသခွင့်မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်တာဖြစ်ပြီး အဆိုပါကိစ္စအတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဂျပန်နိုင်ငံ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မြန်မာ့အရေး အားပေးစကားပြောကြားခဲ့… (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲကို ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်းက နှစ်သစ်နှုတ်ခွန်းဆက်စကားနဲ့ မြန်မာနိုင်ငံအရေးအတွက် အားပေးစကားပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ စစ်ရာဇဝတ်မှုများ ရပ်တန့်အောင်ကူညီပေးရန် ကုလနှင့် ကမ္ဘာ့နိုင်ငံများအား MNDAA နှင့် TNLA တောင်းဆို

ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။