မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။

ဝါးသုန်းပြူးအုပ်စု၊ သီရိရတနာကျေးရွာကို စစ်ကော်မရှင်တပ်သားတွေက အင်အား ၅၀ ဝန်းကျင်နဲ့ စက်တင်ဘာ ၅ ရက် မနက် ၈ နာရီလောက်မှာ ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကနေ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ရွာသားတွေ ဖမ်းဆီးခံရတာမျိုးတော့မရှိဘူး။၊ ရွာသားတွေတော့ ရှောင်တိမ်းနေကြရတယ်၊ ဒီဂိတ်နားဝန်းကျင်က ရွာတွေလည်း ရှောင်တိမ်းနေကြတယ်။ နေ့လယ် ၁၂ နာရီလောက်မှာတော့ သူတို့တွေ ပြန်ထွက်သွားတယ်” လို့ တောင်တွင်းကြီးနယ်ခံတစ်ယောက်က ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ရွာထဲကို ဝင်ရောက်ချိန် သေနတ်တွေပစ်ဖောက်ခဲ့သလို အနီးနားကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါသေးတယ်။ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးကာလ ၅နှစ်အတွင်း သီရိရတနာကျေးရွာဟာ ပထမဆုံးအကြိမ် မီးရှို့ခံရတဲ့ရွာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၁ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်ကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂၅ယောက် ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုန်းမြောင်ဂိတ်ကို ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းခွဲကာ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကော်မရှင်ဘက်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် ၄ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် သီရိရတနာကျေးရွာ မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ၏ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှုမှတ်တမ်းများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ( ၂၅ ) ကွပ်ကဲမှူအောက်ရှိ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ မြေပြင်လှုပ်ရှားမှုပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရုပ်ပွားတော်တွေ ဦးခေါင်းတော်ဖြတ်တဲ့ လုပ်ရပ်ဟာ ဘာသာရေးနဲ့ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခြင်းဟုဆို

ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။