ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ၅ လကျော်လာချိန် စက်တင်ဘာ ၈ ရက် ဒီနေ့မှာ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ Sky Villa အဆောက်အအုံရဲ့ A အဆောင်ကို ရှင်းလင်းချိန် မြေညီထပ်ကနေ အမျိုးသား (၁) ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရုပ်အလောင်းကို မာလာမေတ္တာလူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း Sky Villa ပြိုကျပျက်စီးနေမှုတွေကို ဖယ်ရှားရှင်းလင်းရင်း အမျိုးသား(၂) ယောက်နဲ့ အမျိုးသမီး (၁) ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပေမယ့် မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးအပြီး ၅ လကျော်တဲ့အထိ ရုပ်အလောင်း ထုတ်ယူရေး လုပ်ငန်းတွေ မပြီးဆုံးသေးတာ ဖြစ်ပါတယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး နိုင်ငံတဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်မှုမရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ခြေလျင်စစ်ကြောင်း ထိုးတာတွေကို တောက်လျှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထုထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို အကြမ်းဖက်စစ်အုပ်စုက အစောတလျင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီး ရွေးကောက်ပွဲ အကြောင်းပြကာ အကြမ်းဖက်မင်းအောင်လှိုင်က အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
Read More

ဆိုင်ကယ်နှင့် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စု စောင့်ကြိုပစ်ခတ်ခံရပြီး ၄ ဦး သေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။