ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ ယဥ်ကျေးမှုဖလှယ်ပွဲကို စက်တင်ဘာ ၇ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး Nagano States Shinshu မြို့တော်ဝန် Mr. Ogiwara Kenji၊ အဆိုပါဒေသက လွှတ်တော်ကိုယ်စားလှယ် Mr. Sugio၊ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ Nagano မြို့ခံဂျပန်နဲ့ မြန်မာလူမျိုးတွေ၊ Tokyo အပါအဝင် တခြားပြည်နယ်က လာတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော်ဝန် Mr.Ogiwara Kenji က ငြိမ်းချမ်းလာတဲ့ သူတို့တိုင်းပြည်နဲ့ သူတို့မြို့အကြောင်း ပြောကြားခဲ့သလို ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းသေးတဲ့ အကြောင်းအရာတွေကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံရိုးရာအဝတ်အစားတွေနဲ့ နှစ်နိုင်ငံအကတွေကို ဖလှယ်တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပစ်မှတ်ထားသည့် ILO ၏ အရေးယူမှု ဘယ်လိုသက်ရောက်မလဲ

ILO က ချမှတ်လိုက်တဲ့ အရေးယူမှုဆုံးဖြတ်ချက်ဟာ အခြေခံ စက်မှုကုန်ထုတ်လုပ်သားတွေအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို နိုင်ငံကို စီးပွားရေးပိတ်ဆို့စေမှာ မဟုတ်ကြောင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါတွေကိုသာ ပစ်မှတ်ထားအရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က မောင်းကို ပြောပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံပြီး NUG အစိုးရနှင့် ဆက်ဆံရေးကောင်းရှိသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဖြစ်လာ

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်တပ်၏ “အတုအယောင်” ရွေးကောက်ပွဲကို နိုင်ငံတကာက ပယ်ချရန် ကုလအထူးကိုယ်စားလှယ် ထပ်မံတိုက်တွန်း

မြန်မာစစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို တရားဝင်ဖြစ်အောင် ကြိုးပမ်းတဲ့ “အတုအယောင်”တစ်ခုသာဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ လုံးဝလက်မခံသင့်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် (Tom Andrews) က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။