စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။ 

စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ကာဘိုကျေးရွာကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိတဲ့ ပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကြိုတင်သတင်းရလို့ သွားစောင့်ခဲ့တာပါ၊ အပြန်အလှန်ပစ်ခတ်နေချိန်မှာ ဒရုန်းနဲ့ လာရောက်ပစ်ကူပေးတာမျိုးတော့မရှိဘူး၊ ကာဘိုးနဲ့ ဝက်တိုးကနေတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်” လို့ စိန်ဗေဒါတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၈ ယောက်သေဆုံးကာ G-3 ၁ လက်၊ MA 1 ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ပြောင်းချောအမျိုးအစားဂျောက် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စိန်ဗေဒါဦးဆောင်တဲ့ ကန့်ဘလူခရိုင်လှုပ်ရှားပကဖမှ တပ်ခွဲ(၄)၊ တန့်ဆည်မြို့နယ်ပကဖ၊ ရေဦးမြို့နယ် လက်ရုံးတပ်၊ TTC ရင်း (၂၅) တန့်ဆည်နဲ့ ကာဘိုးတိုက်နယ်ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲ-ကုန်းသာ-လွိုင်ကော် လမ်းမကြီးများကို စစ်တပ် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း မိုးဗြဲ-ကုန်းသာ-လွိုင်ကော်လမ်းမကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေကြောင်း Karenni Nationalities Defense Force - KNDF BO3 က ထုတ်ပြန်အသိပေးထားပါတယ်။
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။ ‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front - ULF မှ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ရွာက ပြည်သူတွေကိုသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ရွာကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၇ ရက် ညပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Young Force–UG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထိုင်း LGBT အလှမယ် တောင်းဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ ကြေးနီတင်ယာဉ်တွေအတွက် လုံခြုံရေးပေးတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံ‌ရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
Read More

မဲဆောက်တွင် သေနတ်ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိကို ကျူးလွန်သူ၏ မိသားစုနှင့် မိတ်ဆွေများက သွားရောက် တောင်းပန် (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။