အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းဆင်းပွဲ​ကို ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

သင်တန်းဆင်းပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆေးတပ်ဖွဲ့ဝင်အဖြစ် သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး ယင်းမာပင်ခရိုင် ဒု/ကွပ်ကဲရေးမှုးက အမှာစကားပြောကြားခဲ့ကာ ယင်းမာပင်ခရိုင် စစ်ဌာနမှ ဆေးတပ်ဖွဲ့တာဝန်ခံက သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ထူးချွန်ဆုရ သင်တန်းဆင်း ကျောင်းသားတွေကို ဆုချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းစစ်ဌာန၊ ဆေးဝန်ထမ်းဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှုးချုပ်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီးနောက် ရဲဘော်တွေက စစ်ကြောင်းပုံနဲ့ ချီတက်အလေးပြုခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းရဲ့ သင်တန်းကာလဟာ ရက်ပေါင်း (၆၀)ကြာမြင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန(MOH)က ဆရာဝန်(၃) ယောက်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဆရာဝန်(၃) ယောက်တို့က ကြီးကြပ်သင်ကြားပေးခဲ့ပြီး စစ်ဖက်သင်တန်းနည်းပြဆရာ (၃) ယောက်နဲ့ ဆေးသင်တန်းဆရာ (၁၅) ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကနေ မန္တလေးတိုင်းမှ ခရိုင် (၇) ခု ၊ စစ်ကိုင်းတိုင်းမှ ခရိုင်(၁) ခု၊ မကွေးတိုင်းမှ ခရိုင် (၁) ခု ၊ စုစုပေါင်း ခရိုင်(၉) ခုက တပ်ရင်း/တပ်ဖွဲ့ (၃၈) ရင်း/ဖွဲ့ အတွက် ဆေးတပ်သားသန္ဓေအင်အား (၁၀၄) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင်က ကြောက်ခေတ်ကို မှောက်ပစ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်နယ်ပေါ်ထွန်းရေးနှင့်အတူ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည့် ဗမာ့တပ်တော်-Bamar Army ကို ၂၀၂၅ နှစ်သစ်တွင် စတင်ဖွဲ့စည်း

စစ်အာဏာရှင်ကို မြန်မာပြည်အလယ်ပိုင်းကနေ အခြေပြု တွန်းလှန်ရင်း ဗမာတိုင်းရင်းသားလူမျိုးစု ပြည်နယ်ပေါ်ထွန်းရေးကို ကြိုးစားသွားဖို့ရှိတဲ့ ဗမာ့တပ်တော် - B​amar Army ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။