ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

“ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးမှုများ အဆောတလျင် ဆောင်ရွက်ကြရန် လေးနက်စွာတိုက်တွန်းအပ်တယ်” လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးလိုအပ်နေတဲ့ ထိရောက်တဲ့ ဆေးကုသခွင့်မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်တာဖြစ်ပြီး အဆိုပါကိစ္စအတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

မဲခေါင်မြစ်ကြောနိုင်ငံများ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ရေလွှမ်းမိုးမှုလျော့ပါးရေး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ကပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုနဲ့အတူ တဆက်စပ်ထဲမှာပဲ မဲခေါင်မြစ်ကြောက နိုင်ငံတွေ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားကြောင်း စက်တင်ဘာလ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Read More

ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအား CRPH ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။