”သူမ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ သက်တမ်းတစ်ဝက်လောက် ၃၇ နှစ်လောက် ကျနော်တို့ မြန်မာ နိုင်ငံသားတွေအားလုံး အကြောက်တရားကနေပြီးတော့ လွတ်မြောက်ဖို့အတွက် သူမကြိုးစားပေးခဲ့ပါတယ်။ အခုလက်ရှိအခြေအနေထိလည်း ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီအချိန်ဟာ ကျနော်တို့အားလုံး မြန်မာပြည်သူပြည်သားတွေအားလုံး သူမအတွက် ဘာပြန်လုပ်ပေးရမလဲဆိုတာ အချိန်တန်ပါပြီခင်ဗျာ”

တော်လှန်အနုပညာရှင်ခါရာက မတရားဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားတွေအားလုံး ပူး ပေါင်းပြီး သတင်းဖြန့်ဝေပေးဖို့ နှိုးဆော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့နဲ့ မတရားဖမ်းဆီးချုပ် နှောင်မှုအောက်ကနေ အမြန်ဆုံး လွတ်မြောက်စေဖို့ အသိပညာ၊ အတတ်ပညာတွေအားလုံး ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။

Video – Khar Ra

0 Shares:
You May Also Like
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း ခက်ခက်ခဲခဲသင်တန်းရောက်ခဲ့ကြတဲ့ နေပြည်တော် PDF ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းပုံရိပ် (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း နေပြည်တော် PDF ရဲဘော်တွေရဲ့ ခက်ခက်ခဲခဲစစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အော်ပရေးရှင်း စစ်တောင်းမှ ထုတ်ပြန်ထားပါတယ်။